၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေအကြောင်း ဆွေးနွေးပွဲ ယူကေပါလီမန်မှာ ကျင်းပ
- BVJ
- Mar 19
- 1 min read
BVJ/အေတီ _ မတ် ၁၄ ၊ ၂၀၂၅

၂၀၂၁ခုနှစ် အာဏသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီကကျုးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အကြောင်း ဆွေးနွေးပွဲတစ်ခုကို ဒီနေ့ မတ်လ၁၄ရက်နေ့ က ယူကေပါလီမန်မှာ ကျင်းပခဲ့ပါတယ်။
ယူကေ အထက်လွှတ်တော်အမတ် Shaun Baileyက ဦးဆောင်ဆွေးနွေးခဲ့ပြီး၊မော်ဒရေတာ အဖြစ် မနေခြည်ထက်၊ Panelist ပါဝင်ဆွေးနွေးသူတွေကတော့ The Myanmar Accountability Project အဖွဲ့က ခရစ္စတို ဖာဂမ်းနစ်၊ SMFC အဖွဲ့တည်ထောင်သူ မဂျူလီခိုင်၊ နိုင်ငံရေးအကျဥ်းသားဟောင်း စာနယ်ဇင်းသမား ကိုအောင်ကြီးတို့ ဖြစ်ပါတယ်။
ယူကေ အထက်လွှတ်တော်အမတ် Shaun Baileyက ပါတီပေါင်းစုံ အမတ်တွေပါဝင်တဲ့ Burma APPG အဖွဲ့ ကို ပြန်လည် အသက်သွင်းဖို့ အဆိုပြုအကြံပေးခဲ့ပါတယ်။ Panelistတွေနဲ့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့သူ အားလုံးက သူ့အရဲ့အကြုံပြုချက်ကို သဘောတူခဲ့ကြပါတယ်။
မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲဖြစ် ပေါ်လာရေးအတွက် ဦးတည်ဖွဲ့စည်းခဲ့တဲ့ Burma APPG အဖွဲ့ကိုဘ၂၀၁၅ခုနှစ်က စတင်ဖွဲစည်းခဲ့ပြီး လတ်တလောမှာ တော့ လှုပ်ရှားမှုတွေ ရပ်တန့်နေပါတယ်။
ဒီနေ့ပါလီမန်ထဲမှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ ကို မြန်မာပြည်တွင်းက ဒုက္ခရောက်နေတဲ့သူတွေကို ပံ့ပိုးကူညီနေတဲ့ လန်ဒန်အခြေစိုက် SMFC Stars of Myanmar Friendship အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

Comments