top of page

အထောက်အထားမဲ့မြန်မာ ၄၉ ဦးကို ကန်ချနာဘူရီမှာ ထပ်မံဖမ်းဆီးရမိ

  • BVJ
  • Mar 4
  • 1 min read

BVJ/Moore _ မတ် ၂ ၊ ၂၀၂၅



ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီပြည်နယ်ထဲကို တရားမဝင်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၉ ဦးကို ထိုင်းနယ်ခြားစောင့်အထူးတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့ မတ်လ ၁ ရက်မှာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။


ကန်ချနာရီပြည်နယ် ဆန်ခလဘူရီဒေသထဲမှာ အုပ်စုဖွဲ့ ခြေလျင်ခရီးသွားနေသူတွေကို တွေ့ရှိရကြောင်းနဲ့ သူတို့တွေဟာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေရဲ့သတင်းပေး တိုင်တန်းမှုကြောင့် ထိုင်းအာဏာပိုင်တွေက ရှာဖွေဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမေးမြန်းချိန် သူတို့ဟာ အထောက်အထားမဲ့ ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဖမ်းဆီးရမိသူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ သူတို့ကို လာရောက်ခေါ်ယူမယ့်နေရာကို သွားနေတာဖြစ်ကြောင်းနဲ့ အဲဒီကနေတဆင့် ဆမွတ်ဆာခွန်မှာရှိတဲ့ သူတို့ အလုပ်လုပ်ရမယ့်နေရာကို ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ အဲဒီအတွက် တစ်ဦးကို ဘတ် ၁၅၀၀၀ စီ ပေးရတယ်လို့လည်း ဆိုပါတယ်။


အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူထားပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။


ထိုင်းနိုင်ငံတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ၊ ထိုင်းနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းဆီးဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်က ဖေဖော်ဝါရီ ၁၇ ရက်မှာ အမိန့်ထုတ်ခဲ့ပြီးနောက် တစ်ပတ်အတွင်း နိုင်ငံခြားသား ၉၅၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံသား ၄၈၇၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။


Ref: Bangkok Post

Kommentare


bottom of page