ရနောင်း-ဘန်ကောက် ဘတ်စ်ကားမတော်တဆမှုအတွင်း မြန်မာအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရ
- BVJ
- Mar 19
- 1 min read
BVJ/Moore _ မတ် ၁၄ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ရနောင်းကနေ ဘန်ကောက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းမနံဘေး လျှပ်စစ်ဓာတ်တိုင်ကို ဝင်တိုက်မိတာကြောင့် မြန်မာအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဘန်ကောက်မြို့ကို ဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင်ဘတ်စ်ကားဟာ မနက် ၄ နာရီဝန်းကျင်မှာ Khao Yoi ခရိုင်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်မောင်းဟာ ရနောင်းကနေ အချိန်ကြာမြင့်စွာ မောင်းနှင်လာတာကြောင့် ပင်ပန်းကာအိပ်ငိုက်ချိန် လမ်းမနံဘေး လျှပ်စစ်ဓာတ်တိုင်နဲ့ အများပြည်သူသုံး ရေပိုက်ကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ Sawang Sanphet ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
မတော်တဆမှုဖြစ်ပွားခဲ့ချိန်အတွင်း ဘတ်စ်ကားပေါ်က ခရီးသည်အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုဟာ နိုင်ငံခြားသားတွေဖြစ်ကာ Khao Yoi ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ခရီးသည်အားလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ ပြင်းပြင်းထန်ထန် ထိခိုက်တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီး Naiyawat Phadermchit ရဲ့ ပြောကြားချက်အရ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၃၆ ဦး လိုက်ပါလာပြီး မြန်မာ ၁၂ ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦး၊ အမေရိကန် ၉ ဦးတို့ဖြစ်တယ်လို့လည်း The Nation သတင်းဌာနက ဖော်ပြထားပါတယ်။
Comentários