ယူကရိန်းသမ္မတ ဇာလန်စကီးကို ယူကေက နွေးထွေးစွာကြိုဆို၊ အမေရိကန်ဒေါ်လာ သန်းသုံးထောင်နီးပါး ချေးငွေအကူအညီပေးမယ်လို့ ကတိပြု
- BVJ
- Mar 4
- 1 min read
BVJ/အေတီ _ မတ် ၁ ၊ ၂၀၂၅

အမေရိကန်သမ္မတ ထရမ့်၊ ဒုသမ္မတ ဂျေဒီဗန့်စ်တို့နဲ့ မနေ့က အိမ်ဖြူတော်မှာအချင်းများခဲ့တဲ့ ယူကရိန်း သမ္မတဇာ လန်စကီးဟာ ဒီနေ့ ယူကေနိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာပါတယ်။
ယူကေဝန်ကြီးချုပ် ကီယာစတမ်မာက အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်ရှေ့ကနေ သမ္မတ ဇာလန်စကီးကို နွေးထွေးစွာကြိုဆိုခဲ့သလို အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ (သန်းသုံးထောင်နီးပါး) ချေးငွေ အကူအညီ ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲ့ဒီကူညီငွေတွေကို လက်နက်ဝယ်ယူဖို့ အသုံးပြုသွားမယ်လို့ ယူကရိန်းသမ္မတ ဇာလန်စကီးက အတည်ပြုပါတယ်။
ပြီးတော့ ယူကေနိုင်ငံက ယူကရိန်းနဲ့အတူ ရပ်တည်သွားမယ်လို့ ပြောပါတယ်။ "ယူကေနိုင်ငံက ယူကရိန်းနိုင်ငံနဲ့အတူ တတ်နိုင်သမျှ ရေရှည်ရပ်တည်သွားမှာပါ" လို့ ယူကေဝန်ကြီးချုပ် ကီယာစတမ်မာက ကတိပေးခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲစကတည်းက အခုအချိန်ထိ ကူညီနေတဲ့ ယူကေအစိုးရနဲ့ပြည်သူတွေကို အထူး ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ ဇာလန်စကီးက အခုလိုပြောခဲ့ပါတယ်။ “ဒီစစ်ပွဲအစကတည်းက အခုလို ကြီးမားတဲ့ ပံ့ပိုးကူညီခဲ့မှုတွေအတွက် ဗြိတိန်ပြည်သူတွေ အားလုံးကို ကျေးဇူး တင်ပါတယ်” လို့ သမ္မတဇာလန်းကီး ပြောကြားခဲ့ပါတယ်။
ယူကေနိုင်ငံဟာ ၂၀၂၂ ခုနှစ်ဇန်နဝါရီလကစပြီး အခုအချိန်ထိ ယူကရိန်းနိုင်ငံကို အကူအညီပေးနေတဲ့ ပမာဏဟာ အမေရိကန်ဒေါ် ၁၅ဘီလျံကျော်သွားပါပြီ။ ဒီပမာဏာက ချေးငွေပေးဖို့ ဒီနေ့သဘောထပ်တူလိုက်တဲ့ အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ ထည့်မတွက်ထားသေးပါဘူး။ အမေရိကန်နိုင်ငံနဲ့ ဂျမနီနိုင်ငံတွေပြီးရင် ယူကရိန်းကို အကူအညီအများဆုံးပေးနေတဲ့နိုင်ငံက ယူကေနိုင်ငံ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူကရိန်းကို အကူအညီအများဆုံးပေးနေတဲ့ အမေရိကန်နိုင်ငံကသာ နောက်ဆုတ် သွားရင် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတဲ့ စိန်ခေါ် မှု ဥပရောပနိုင်ငံက ခေါင်းဆောင်တွေ အဖြေရှာဖို့ လိုနေပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ် လုံးဝရပ်တန့်သွားအောင် လမ်းကြောင်းရှာ လုပ်ဆောင်ဖို့ ယူကေဝန်ကြီးချုပ်က ပိုင်းဖြတ်ထားကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီကိစ္စကိုအဖြေရှာနိုင်ဖို့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဇာလန်းစကီးတို့ လန်ဒန်မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ ယူကရိန်းဝန်ကြီးချုပ်ဇာလန်းစကီးဟာ မနက်ဖြန် လန်ဒန်မှာ ဥရောပခေါင်းဆောင်တွေနဲရှိသလို ညနေပိုင်းမှာလည်း ဗြိတိန်နိုင်ငံဘုရင်ကြီး ချားလ်စ်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
ဘီဘီစီ
Comments