ယူကေရောက်မြန်မာတွေ လန်ဒန် ရုရှားသံရုံးရှေ့မှာ ဆန္ဒပြ
- BVJ
- Mar 20
- 1 min read
BVJ/အေတီ _ မတ် ၁၉ ၊ ၂၀၂၅

ဒီနေ့ မတ်လ၁၉ရက် ဒေသစံတော်ချိန် ၁၂နာရီခွဲက လန်ဒန်မြို့ ရုရှားသံရုံးရှေ့ မှာ ယူကေရောက် မြန်မာတွေစုစည်းပြီး ရုရှားအစိုးရက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ကို ပံ့ပိုးထောက်ပံ့ နေမှုတွေရပ်တန့်ပေးဖို့ ဆန္ဒပြခဲ့ကြတယ်။
ဆန္ဒပြပွဲကို Myanmar community in UK အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ် ကို လက်နက်ထောက်ပံ့နေတာတွေ ချက်ချင်းရပ်ဖို့၊ မြန်မာပြည်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ် နေတာချက်ချင်းရပ်ဖို့ နဲ့ NUG အစိုးရကို အသိအမှတ်ပြုဖို့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယခုမတ်လဆန်းက ရုရှားသမ္မတ ဗလာဒီမီ ယာပူတင်ရဲ့ ဖိတ်ကြားမှုနဲ့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အထက်ပါ ရုရှားခရီးစဥ်အတွင်း ရုရှားနဲ့မြန်မာနိင်ငံကြား အသေးစားနျူကလီးယားဓာ တ်အားပေးစက်ရုံတည်ဆောက်ရေး သဘောတူညီချက်အပါအဝင် သဘောတူညီချက် ၁၀ ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းဖော်ပြထားပါတယ်။
Comments