top of page

ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-မန္တလေးလမ်းပိုင်းကို PDF တပ်ဖွဲ့များ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်

  • BVJ
  • Apr 5
  • 1 min read

BVJ/ထက်အောင် _ မတ် ၂၇ ၊ ၂၀၂၅

Photo: PVTV
Photo: PVTV

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၂၊ ၂၃ လက်အောက်ခံ တပ်ဖွဲ့တွေက ပဲခူးတိုင်း အနောက်ခြမ်း ရန်ကုန်-မန္တလေးလမ်းပိုင်းနဲ့ ရန်ကုန်-ပြည်လမ်းတို့မှာ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


PDF ဗျူဟာ ၂၂၊ ၂၃ တပ်ဖွဲ့ရဲ့ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-ပြည်လမ်းပိုင်းမှာ သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး NUG MOD ကလည်း ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားသလို စစ်ဆေးရေးလုပ်ဆောင်နေတဲ့တပ်ဖွဲ့တွေဟာ တောင်ပိုင်းစစ်ဒေသခွဲ ၂ (စစ်ဆင်ရေးနယ်မြေ ၂) လက်အောက်မှာ ဗျူဟာ ၂၂ ၊ ၂၃ တပ်ရင်းတွေက လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်‌မြေ ၂။
ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်‌မြေ ၂။

အခုမတ်လဆန်းပိုင်းကလည်း ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ကျောက်တိုင်ရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တောင်ပိုင်းစစ်ဆင်ရေးနယ်မြေ ၂ ဗျူဟာ ၂၃ လက်အောက်ခံတပ်ရင်းတွေနဲ့ အုတ်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။


ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးအရှိန်မြှင့်မှုတွေကို PDF နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်လာချိန် စစ်ဆင်ရေးနယ်မြေတွေကို ပိုမိုတိုးချဲ့လာပြီး စစ်ဆင်ရေးနယ်မြေ ၂ (ယခင် စစ်ဒေသခွဲ ၂) ထဲတွင် တိုင်းစစ်ဌာန ပဲခူး၊ တိုင်းစစ်ဌာန ရန်ကုန်၊ တိုင်းစစ်ဌာန ဧရာဝတီ၊ တိုင်းစစ်ဌာန နေပြည်တော်ဆိုပြီး သတ်မှတ်ထားရှိသွားမယ်လို့လည်း တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်မြေ ၂ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကလည်း Burma VJ ကို ပြောပါတယ်။

Comments


bottom of page