top of page

စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်ကို ဝေဖန်သရော်မှုနဲ့ ငါးမင်းဆွေ ထောင် ၃ နှစ်ကျ

  • BVJ
  • Apr 5
  • 1 min read

BVJ/အေတီ _ မတ် ၂၅ ၊ ၂၀၂၅


စစ်တပ်ကိုထောက်ခံတဲ့ အမျိုးသားရေးလှုပ်ရှားသူ ဦးမင်းဆွေ ခေါ် ငါးမင်းဆွေကို လှိုင်တရားရုံးက ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ ငါးမင်းဆွေကို လှိုင်တရားရုံးက ထောင် ၃ နှစ်ချလိုက်တဲ့အကြောင်း သူ့ရဲ့ရှေ့နေကလည်း အတည်ပြုထားပါတယ်။


အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သူ့ရဲ့ဖေ့စ်ဘုခ်စာမျက်နှာကနေ သရော်စာရေးခဲ့အတွက် စစ်ကောင်စီက ငါးမင်းဆွေကို ဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ငါးမင်းဆွေ အင်းစိန်ထောင်ထဲ ရောက်နေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်စာရေးခဲ့တဲ့ ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး ပျက်ပြားစေမှုနဲ့ ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။


စစ်တပ်ထောက်ခံသူလို့ နာမည်ကြီးနေတဲ့ ငါးမင်းဆွေဟာ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ် (လူမှုကွန်ရက်) ကနေ ရေးသားပုတ်ခတ်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရသလို လက်ရှိမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သရော်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

Comments


bottom of page