top of page

ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရ

  • Writer: BVJ
    BVJ
  • Mar 19
  • 1 min read

BVJ/Moore _ မတ် ၁၁ ၊ ၂၀၂၅


Photo: Reuters.
Photo: Reuters.

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)က ဒီနေ့ မတ်လ ၁၁ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ရိုက်တာသတင်းဌာနကို အတည်ပြုပြောကြားထားပါတယ်။


ဖိလစ်ပိုင်နိုင်ငံ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ မနက်ပိုင်းမှာ ရောက်ရှိလာတဲ့ သမ္မတဟောင်း ဒူတာတေးကို အင်တာပိုက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒူတာတေး သမ္မတတာဝန်ထမ်းဆောင်ချိန် လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိမ်နင်းမှုအတွင်း လူသားမျိုးနွယ်ပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိခဲ့တာကြောင့် ICC က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။


ICC ရဲ့ ဖမ်းဝရမ်းထုတ်ပြန်မှုနဲ့ပတ်သက်ပြီး အသက် ၇၉ နှစ်အရွယ် ဒူတာတေးကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိမ်နင်းမှု လုပ်ဆောင်ခဲ့တာဟာ သူ့အတွက် သူ့မိသားစုအတွက်မဟုတ်ဘဲ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


“သူတို့ ကျွန်တော့်ကို ဖမ်းမယ်ဆိုလည်း ကျွန်တော် အဖမ်းခံမှာပါ။ ဒါက ကျွန်တော့်ကံကြမ္မာဆိုလည်း ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် လုပ်ခဲ့တာတွေဟာ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ဘဝ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ လုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်တယ်”လို့ ဒူတာတေးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါသေးတယ်။ ICC က ဒူတာတေးကို ဖမ်းဝရမ်းထုတ်ပြန်ချိန် သူ့အနေနဲ့ အဖမ်းခံဖို့ အဆင်သင့်ရှိကြောင်းလည်း မနေ့ မတ်လ ၁၀ ရက် ဟောင်ကောင်မှာရှိနေချိန် ဒူတာတေးက ထပ်မံပြောဆိုထားပါတယ်။


ICC ထံကနေ တရားဝင်ဖမ်းဝရမ်းမိတ္တူကို ရရှိခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ဒူတာတေးကို ဖမ်းဆီးဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်းနဲ့ လက်ရှိမှာ ထိန်းသိမ်းထားကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကလည်း ဒီနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်ပြောကြားထားပါတယ်။


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိမ်နင်းမှုအတွင်း လူပေါင်းသောင်းဂဏန်းထိ သေဆုံးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပေမဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ ၆၂၀၀ ဝန်းကျင်သာရှိခဲ့တယ်လို့ ဆိုပါတယ်။ ICC ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ဒူတာတေးဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ချိန် လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပြီး သူ့သမ္မတကာလအတွင်း ၂၀၁၉ ခုနှစ်မှာ ICC အဖွဲ့ဝင်နိုင်ငံကနေ နုတ်ထွက်ခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page